ပြည်ကြီးမဏ္ဍိုင် မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရပ်ကွက်ရှိ" အောင်ရန်ကင်း" စေတီတော်မြတ်ကြီး၌ တင်လှူပူဇော်မည့် အရန်စေတီတော်၊ ရွှေထီးတော်များနှင့် ဘုရား (၈) ဆူအားပြည် သူများဖူးမျှော်နိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက် အတွင်း လှည့်လည်ပူဇော်ခြင်းကို ယနေ့ နံနက်ပိုင်း ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ "အောင်ရန်ကင်း" စေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ အရံစေတီများနှင့် ဘုရား(၈) ဆူအား ရပ်ကွက်အတွင်း၌ လှည့် လည်ပူဇော်ပြီး ဘုရားတောင်ကုန်းရှိ ယာယီမဏ္ဍပ်တွင်အပူဇော်ခံထားလျက်ရှိရာ ပြည်သူများလာရောက်ဖူးမြော်နိုင်ကြောင်းနှင့် ၁၃၈၃ခု၊ တပေါင်း၁၂ရက်နေ့ ၊၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရွှေထီးတော်များအား လက်ဆင့်ကမ်း ပင့်ဆောင် ပူဇော်၍ ရွှေထီး တော်တင်ပွဲဆင်ယင်ကျင်းပ ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)