မိုင်းဆတ်မြို့၌ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းဆတ် မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီခွဲက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၁၀၀)ကို သယ်ဆောင်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျိုင်းတုံဆံသဆိုင်‌အတွင်းရှိ စာဖတ်ပရိတ်သတ်များထံ  ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ ကြောင်း သိရသည်။

မြင့်မောင်