ပြင်ဦးလွင် မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မီးဘေးအန္တရာယ်များဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီက ရပ်ကွက်ကြီး (၁၀)ရှိ ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးဌာန၌ ဇာတ်တိုက် လေ့ကျင့် မှုများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မီးသတ်ဦးစီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးကျော်ဆန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးဖြင့် မီးလောင် မှုအား လက်တွေ့မီးငြှိမ်းသတ်မှုနည်းစနစ်များ၊ ကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအသုံးပြုကာ ပျက်စီးပြိုကျနေသည့် အပျက် အစီးများအကြား ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ကယ်ဆယ်ရရှိသူများတွင် ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုခြင်း စသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံပိုင် အဆောက်အဦးများနှင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်ရန် အရေးပေါ် အခြေအနေ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ စွမ်းဆောင်ရည်ပြည့်၀သောလူ၊ ယာဉ်/စက်၊ စက်သုံးဆီနှင့် ရေ အသင့်အနေအထားတို့ဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းအောင် အမြန်းဆုံး တုံ့ပြန်ကာကွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လေ့ကျင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)