တောင်ကြီး မတ် ၁၁
ကျောင်းသား၊ ကျောင်းသူများစာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိပြီး အမှား၊ အမှန်၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာအုပ်၊ စာပေများ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၁၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ ယနေ့နံနက် ၁၁ နာရီတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် Mobile Library လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ကျောင်းသား၊ကျောင်းသူများ ပိုမိုသိရှိ နားလည်နိုင်စေရန် အကျယ်တဝင့်ဟောပြောခဲ့ပြီး ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်ပြသခြင်းနှင့် သုတ/ရသ စာအုပ်ပေါင်း (၂၅၀) ကို အခမဲ့ ငှားရမ်းပေးခဲ့သည်။
တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိသတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်စာကြည့်တိုက် Mobile Libraryလုပ်ငန်းဖြင့် အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိရာ စာဖတ် ပရိတ်သတ် အကြိုက်စာအုပ်များအား ရက်သတ္တပတ်လျှင် တစ်ကြိမ် သွားရောက်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)