ညောင်တုန်း မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြှင့်မားလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက် မငှားရမ်းနိုင်သည့် ဝန်ထမ်းများအတွက် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ စုစုပေါင်း(၄၅)အုပ်ကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား Mobile Library စနစ်ဖြင့် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)