ကျိုင်းတုံ မတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ် အောက် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစကားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် တိုင်းရင်းသား(ခ)အသင်းနှင့် စိုင်းဆမ်ကျောက်(ဆေးဆိုင်)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စိုင်းဆမ်ကျောက်(ဆေးဆိုင်)အသင်းက နှစ်ပွဲနိုင်တစ်ပွဲရှုံးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးစိုင်းချစ်အောင်နှင့်တာဝန်ရှိသူများက ပွဲစဉ်တစ်လျောက် အမျိုးသား နောက်ထိန်းအကောင်းဆုံးဆု၊ အမျိုးသားပင့်ထောင်အကောင်းဆုံးဆု၊ အမျိုးသားရိုက်ခုတ် အကောင်းဆုံးဆုရရှိသည့် အားကစားသများအား တစ်ဦးလှျင် ငွေကျပ် ၁ သောင်း နှုန်း ဖြင့် လည်းကောင်း၊ ပွဲစဉ်တစ်လျောက် ဒိုင်များအား ဂုဏ်ပြုဆုငွေကျပ် ၅ သောင်း ကိုလည်းကောင်း၊ အသင်းလိုက် တတိယဆုအတွက် ငွေကျပ် ၁ သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် ၂ သိန်း၊ ပထမဆုအတွက် ငွေကျပ် ၃ သိန်း၊ ဆုတံဆိပ်များနှင့် တံခွန်စိုက်ဒိုင်းဆုများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ် အောက် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို မတ်လ ၉ ရက်မှ ၁၁ ရက်နေ့ထိ ကျင်းပခဲ့ပြီး ကျိုင်းတုံမြို့နယ်အတွင်းမှ အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)