ဘုတ်ပြင်းမြို့နယ်တွင် Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အိမ်တိုင်ရာရောက် ကွင်းဆင်း ထိုးနှံပေး

ဘုတ်ပြင်း  မတ်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့်အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့က စတိန်ကျေးရွာအုပ်စု ထောင်ဖီးကျေးရွာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
 

ဘုတ်ပြင်းမြို့နယ် စတိန်ကျေးရွာ အုပ်စုရှိကျေးရွာ (၆)ရွာတွင် မတ်လ (၈) ရက်‌နေ့မှဆေးထိုးစုရပ်အလိုက် အသက်(၁၈)နှစ်နှင့် အထက်ပြည့်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဆေးထိုးစုရပ်သို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် Mobile စနစ်ဖြင့် ဝန်ဆောင်မှုများ‌ ဆောင်ရွက်ပေးခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှသည်။


ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံ နိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များ နှင့်၊ကျေးရွာများတွင် သတ်မှတ်ရက်များတွင် ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်‌ပေးလျက်ရှိ ကြောင်းသိရသည်။

ဖြူဖြူသိန်း(ပြန်/ဆက်)