ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ပွဲ အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

မြစ်ကြီးနား   မတ် ၁၂

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့မှ ကြီးကြပ်ပြီး ပြည်နယ်အတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသော သံဃာတော်များ၊ သီလရှင် ဆရာကြီးများ၊ လူပုဂ္ဂိုလ်တို့အား ပူဇော်ဆက်ကပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ရာ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့ အောင်မြင်စွာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များ နှင့်အညီ ကျင်းပပြုလုပ်ရမည် ဖြစ်ပါကြောင်း၊   ယခု ဘွဲ့တံ ဆိပ်ဆပ်ကပ်ပူဇော်ပွဲသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား ကျင်းပသည့် ပွဲဖြစ်သဖြင့် သာသနာရောင်ဝါ ထွန်းလင်းတောက်ပစေသည့် လုပ်ငန်းဖြစ်သည့်အပြင် မိမိတို့ပြည်နယ်၏ ဂုဏ်ကိုလည်း မြှင့်တင်နိုင်မည်ဖြစ်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်နယ်သာသနာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်သွားမည့် ရဟန်းသံဃာ (၆)ပါး၊ သီလရှင်ဆရာကြီး (၃)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့အား ဘွဲ့တံဆိပ်တော် ချီးမြှင့်ဆက်ကပ်မည့် အခမ်းအနားအစီအစဉ်များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက်  ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့တံဆိပ်တော်ကပ်လှူပွဲ အခမ်းအနားအား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ပြည်နယ် (ပြန်/ဆက်)