နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း

 

နောင်ချို     မတ်    ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းကိုဗစ်ကုသရေးစင်တာသို့ ယမန်နေ့က ငွေရည်ပုလဲကုမ္ပဏီအုပ်စုမှ PPE-၇၅ထည် ၊ Mask ၃၀၀၀ခု ၊ လက်အိတ် ၂ ဘူး ၊ ဆေးဖျန်းအရည် (20 Lit) ၁ပုံး ၊ ပိုးသတ်ဆေး (20Lit) ၁ ပုံး ၊ ပါရာစီတမော(၁၀၀၀)ပါ ၂ဘူးတို့ကိုလှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သဖန်းကိုင်းပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေးကိစ္စများကို ဆရာတော်နှင့်အသင်းဥက္ကဌ၊ ဒုဥက္ကဋ္ဌတို့ ၏အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန်(၁)ဦး၊  သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိကြောင်း၊လူနာများအတွက် သောက်ရေ၊သုံးရေ၊လျှပ်စစ်မီး၊အောက်ဆီဂျင်၊နေရာထိုင်ခင်း၊စားသောက်ရေး၊ ဆေးဝါးပစ္စည်းများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင်  အခြား ကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။ 

 

 ထွေးငယ်၊ (ပြန်/ဆက်)