ငရုတ်ကောင်း မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့်ကျေးရွာအုပ်စုများရှိ ပြည်သူများ ကာကွယ်ဆေးထိုးသူ မကျန်ရှိ စေရေးအတွက် မြို့နယ်တာဝန်ရှိသူများမှ ယမန်နေ့ကသဲဖြူကျေးရွာ အုပ်စုရှိ ဆေးထိုးစုရပ်အား ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက် ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေး မှူး ဦးညီညီအောင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ သဲဖြူကျေးရွာအုပ်စုရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး လိုက်လံကြီးကြပ် ဆောင်ရွက်ခဲ့ ကြသည်။
ထိုကဲ့သို့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဆေးထိုးစုရပ်သို့ လာရောက်မထိုးနိုင်သူ သက်ကြီးရွယ်အိုအဘိုး အဘွားများအား တစ်အိမ်တက်၊ တစ်အိမ်ဆင်းလိုက်လံထိုးနှံပေးမှုများ ဆောင်ရွက်ပေးနေလျက်ရှိကြောင်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)