နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေး ပြုလုပ်

နောင်ချို    မတ် ၁၂ 

 

ရှှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club )တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နေ့လယ်(၂:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှု့သည့်အ လေ့အကျင့်ကောင်းများရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင် ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်း(BookClub)ဥက္ကဌဦးပေါင်ခန့်လန်၊ (BookClub)အဖွဲ့ဝင် ဦးတင်အောင်သိန်း ၊ (Youth Club)အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က စာရေးဆရာ အရှင်ဝရဗုဒ္ဓိ ၏ “စိတ်နှလုံး အေးချမ်းပါစေ” စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေ ဝါသနာ ရှင်များနှင့်လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်/ဆက်)