ဝမ်းတွင်း မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့မရဲစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စက်ရုံ အလုပ်ရုံများ တွင်သတ်မှတ်သောနေ့ရက်များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက် ရှိရာ ယမန်နေ့မွန်းလွှဲ ပိုင်းကဝမ်းတွင်းမြို့ မရဲစခန်းတွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ် မီးကြိုးများစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အချက်များ ဆွေးနွေး ရှင်းလင်းခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အတွက်လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ ကိုဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက်ဒုတိယ မီးသတ်ဦးစီးမှူး စည်သူငွေ စိုး၊ ဒုတိယ မီးသတ်ဦးစီးမှုးဟိန်းမင်းထွန်းတို့မှ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး မြို့မရဲစခန်း အတွင်းရှိလိုင်းခန်းများ အားမီးဘေး ကြိုတင်ကာကွယ်ရေး အတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါမီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်စစ်ဆေးဆောင်ရွက်ခြင်း နှင့်ဟောပြောဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများ ကို မြို့နယ် မီးသတ်ဦး စီးမှူး ဦးစိုးထွန်းဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူးစည်သူငွေစိုး၊ ဒုတိယမီးသတ် ဦးစီးမှူး ဟိန်းမင်းထွန်း၊ မီးသတ်စခန်းအရာရှိများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)