မိုင်းယန်း မတ် ၁၂
တပ်မတော်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျေိာင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် တပ်မတော်နေ့ သမိုင်းအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တပ်မတော်နေ့နှင့်ပတ်သတ်သည့် လှုပ်ရှားမှုမှတ်တမ်း များ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမအတွင်း လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများနှင့် သုသ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းထူး