တန့်ယန်းမြို့နယ်တွင် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာတမ်းပြပွဲနှင့် ဟောပြောပွဲကျင်းပ

တန့်ယန်း  မတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာတမ်း ပြပွဲနှင့် ဟောပြောပွဲအား လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာတမ်းပြပွဲနှင့် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်အိအိဖြူက (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု သောအားဖြင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာတမ်းပြပွဲ၊ ဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်သည့် အကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့မှုနှင့် တပ်မတော်၏ အခန်းကဏ္ဍအကြောင်း၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့်ပတ်သက်သည့်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

 

ယင်းနောက် ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာတမ်းများကို ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။                                                                                               

မင်းလွင်ဦး(ပြန်/ဆက်)