မောက်မယ် မတ်၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်သီရိမင်္ဂလာဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose အဖြစ်အိန္ဒိယ နိုင်ငံထုတ် COVAXIN ကိုဗစ်ကာကွယ်ဆေးတစ်လုံးလျှင် လူဆယ်ယောက်နှုန်းဖြင့် ကျန်းမာရေး ဝန်ထမ်းများကထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)