သီပေါ မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်း များစုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က အဆိုပါ ဆေးရုံဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့မ ရဲစခန်းမှ ရဲမှူးအောင်မြင့်မြတ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင် ကြည်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ သီပေါတပ်နယ်မှ အရာရှိ၊ စစ်သည်များ စုပေါင်း၍ ပြည့်သူ့ဆေးရုံဝင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မော်တော်ယာဉ်များဖြင့် အမှိုက်များကို စနစ်တကျ သယ်ယူစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)