ဟိုပန် မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ဉီးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက် အလက်များကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင်ခေတ္တ အနားယူစေခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယနေ့ ထိုးနှံပေးခ့ဲသည့် သတ္တမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) သည် ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထိုးနှံပေးခ့ဲသည့်အသက်(၁၈)နှစ်အထက် ပြည်သူ အမျိုးသား(၂၈)ဉီးနှင့် အမျိုးသမီး(၂၈)ဉီး စုစုပေါင်း(၅၆)ဉီး တို့ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)