တနင်္သာရီမြို့နယ်(လ.ဝ.က)ဦးစီးဌာနမှ အလက-ချောင်းလမုရွာသို့ နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး

တနင်္သာရီ မတ်  ၁၂

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (ဒုလဝ ကမှူး)ဦးအောင်ဆက်ပိုင်နှင့် ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ် ပြားများ ရရှိရေးအတွက် ချောင်းလမုကျေး ရွာအုပ်စု၊ အလက-ချောင်းလမုကျေးရွာရှိ ကျောင်းသား/ သူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ နိုင်ငံသားကတ်များ ပြုလုပ်ပေးခဲ့ကြသည်။

 

ယင်းသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် ကျောင်းသား (၆၃)ဦးနှင့် ကျောင်းသူ (၇၃)ဦး စုစုပေါင်း(၁၃၆)ဦး တို့အား  ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)