ရှမ်းပြည်နယ်အစိုးရအဖွဲ့ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်လှူဒါန်း

 

ဟိုပုံး    မတ် ၁၂

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဉီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန်အိတ်(၁၃၀)နှင့် နဝကမအလှူငွေ(၁၀)သိန်းကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါဘုန်းတော်ကြီး​ကျောင်း၌ လှူဒါန်းခဲ့ကြောင်းသိရသည်။

 အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နောင်တောင်းပရဟိတတပ်ဉီးဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်း ပဓာနနာယက ပြည်နယ်ဘုန်းတော်ကြီးသင် ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဘဒ္ဒန္တရာဇိန္ဒသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်(၁၃၀) ၊ နဝကမအလှူငွေကျပ်(၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပေးအပ်လှူဒါန်းပေးရာ ဂေါပကအဖွဲ့ဝင် ဉီးခွန်မောင်ဖြူမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ် ၊ပြည်နယ်ဝန်ကြီးများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြပြီး နောင်တောင်းဆရာတော်ထံလှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေကြကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းဟိုပုံးမြို့တွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဆောင်ရွက်ပေးသည့် ဂျပ်ခုတ်သင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့အား သွားရောက်ကြည့်ရှူရာ တာဝန်ရှိသူများမှ ရှင်းလင်းကြောင်းသိရသည်။

အဆိုပါအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ၂၀၂၁-၂၀၂၂ဘဏ္ဍရေးနှစ် (Mini Budget)(၆)လတာ ကာလအတွင်းရှမ်းပြည်နယ်အစိုးအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်ပြီး သင်တန်းမှာ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း၊အခြေခံစက်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ဂျပ်ခုတ်သင်တန်း၊လူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများပို့ချသင်ကြားပေးလျက်ရှိပြီး သင်တန်းကိုသင်တန်းသား၊သင်တန်းသူ(၁၂၅)ဦးတက်ရောက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)