တနင်္သာရီ မတ် ၁၇
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ရူပဗေဒဘာသာရပ်တွင် (အ-ထ-က) တနင်္သာရီစာစစ်ဌာနမှ ဖြေဆိုရန် ကျောင်းသား/သူ (၆၁၄)ဦး ရှိပြီး ဖြေဆိုသူ (၅၆၅)ဦး၊ ပျက်ကွက် (၄၉)ဦး ဖြစ်သည်။ (အ-ထ-က) တကူ စာစစ်ဌာန တွင် ဖြေဆိုရန် (၅၆၃)ဦး ရှိပြီး၊ ဖြေဆိုသူ (၅၂၀)ဦး၊ ပျက်ကွက် (၄၃)ဦး၊ (အ-ထ-က) ညောင်ပင်ကွင်းစာစစ်၌ ဖြေဆိုရန် စာရင်းရှိ (၂၈၅)ဦး အနက် ဖြေဆိုသူ (၂၆၇)ဦး၊ ပျက်ကွက် (၁၈)ဦး နှင့် (အ-ထ-က) မော်တုန်းစာစစ်ဌာနတွင် ဖြေဆိုရန် (၃၈၇)ဦး စာရင်းရှိပြီး၊ (၃၅၄)ဦး ဖြေဆို၍ ပျက်ကွက်သူ (၃၃)ဦး ဖြစ်သည်။
တနင်္သာရီမြို့နယ်၊ စာစစ်ဌာန(၄)ခုတွင် ရူပဗေဒဘာသာရပ် ဖြေဆိုကြမည့် ကျောင်းသား/သူ (၁၇၀၆)ဦး တို့အား ကြီးကြပ်ရေးမှူး/လက်ထောက်ကြီးကြပ်ရေးမှူးများမှ ကြီးကြပ်လျက် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆပ်ပြာရည်ဖြင့် လက်ဆေးကြောခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်းတို့ ပြုလုပ်ပြီး စာမေးပွဲကို ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ထို့အပြင် (အ-ထ-က) တနင်္သာရီစာစစ်ဌာနမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ အသုံးပြုနိုင်ရန်အတွက် အလှူရှင် ဦးအောင်စည်ဖြိုး (ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး)နှင့် စာရေးဝန်ထမ်းတို့မှ ခဲတံ၊ ခဲဖျက်၊ ဘောလ်ပင်၊ ပေတံများ နေ့စဉ်(အခမဲ့)လှူဒါန်း ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိန်ဝင်း(ပြန်ဆက်)