ငါန်းဇွန် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြု ဗဟိုဌာန (Community Centre)ခန်းမ၌ မတ်လ ၁၂ ရက်နေ့နံနက် ၁၀နာရီအချိန်မှစ၍ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပသည်။
ရှေးဦးစွာ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက် အတွင်း ပြသထားသော စာအုပ်စာစောင်များနှင့် ရုံးဝင်းအတွင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုကြရာ ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့ကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပရာ အလယ် တန်းအဆင့် ကျောင်းသားကျောင်းသူ (၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပရာ ကျောင်းသားကျောင်းသူများအား စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးအသိပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးကိုကိုနိုင်(ရုပ်သံကျွမ်းကျင်-၃)က တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)