အင်ဂျန်းယန်မြို့၌ ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

အင်ဂျန်းယန်  သြဂုတ် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေ ပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နံနက်(၉)နာရီတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်နှင့် ယာယီစခန်းမှူး ရဲအုပ်အောင်မင်းတို့က အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်း၊ သက်ငယ်မုဒိန်းမှုဆိုင်ရာ အသိပညာပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေး အသိပညာပေးဟောပြောခြင်းတို့ကို အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ မှုခင်းကျဆင်းရေး ဟောပြောပွဲသို့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ ၂၀ )ဦးခန့် တက်ရောက်ခဲ့ပြီး မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)