ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    မတ်   ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံမှ (၃၆၅)ဦး၊ မြို့သာဇုံမှ (၁၁၈)ဦး၊ ငါန်းမြာဇုံမှ (၃၃)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၆၃)ဦး၊ သားကျင်ဇုံမှ (၃၅၃)ဦး၊ ဂျိုဇုံမှ (-)ဦး၊ သံဘိုဇုံမှ (၇၈)ဦး၊ ရေလည် သောင်ဇုံ  မှ (၆၆)ဦးနှင့် ကုလားရွာဇုံမှ (၈၁)ဦး မြို့နယ်အတွင်းဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များ စုစုပေါင်း (၁၂၅၇)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြို့နယ် အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ပထမ အကြိမ် (၁၄၃၆၃)ဦး ထိုးနှံပြီးကြောင်း သိရသည်။                        

သက်နောင်ဦး(ငါန်းဇွန်)