ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပုသိမ်ကြီး မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီက အထက ပုသိမ်ကြီးကျောင်း၌ အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ကြည် ကြည်နွဲ့နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား  အသိ ပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အထက ပုသိမ်ကြီးသို့ သွားရောက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေဖြန့်ချီသည့် ရန်ကင်းရွှေပြည် လက်ကမ်းစာစောင်များတွင် ကလေးများလုပ်သော အလုပ် နှင့် ကလေးသူငယ် အခွင့်အရေး၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ် ထုတ်ခံရမည့် အလုပ်များအကြောင်း အစရှိသည့် အကြောင်း အရာများ ပါဝင်ကြောင်း သိရသည်။

ဇာနည်ကိုကို