စာရေးဆရာများစုပေါင်း၍ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ မတ် ၁၄

စာရေးဆရာများစုပေါင်း၍ စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မန္တလေးခရိုင်၊ မဟာ အောင်မြေမြို့နယ်ရုံး (Community Centre) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မန္တလေး ခရိုင်၊ မဟာအောင်မြေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးဘိုဘိုဟန်မှ အဖွင့် အမှာစကားပြောကြားပြီး စာရေးဆရာ သန်းစိုးအောင်က လှူဒါန်းသောစာအုပ်များထဲမှ" စာပေတင်းကုပ် "စာအုပ်ထဲမှာပါဝင်ရေးသားထား သည့်  စာပေရေးသားရာတွင် မှန်ကန်စွာရေးသား တတ် စေရန်၊ စာပေအရေးအသားသည် အလွန်ပင် အရေးကြီး ကြောင်း၊ ကာလကြာ ရှည်သွားလျှင် အမှားသည်အမှန် ဖြစ်သွားနိုင်သောကြောင့် စာပေရေးသားရာတွင် အထူးဂရုပြုသင့်ကြောင်း လူငယ်၊ လူရွယ်များအနေဖြင့် ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို အတုယူတတ်စေရန် ရည်ရွယ်၍ ရေးသားခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးဘိုဘိုဟန်နှင့် ဝန်ထမ်းများ၊ စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်)၊ စာရေးဆရာ ဦးမောင်မောင်(မင်းဏီလူ)၊ စာရေးဆရာ ဦးသန်းစိုးအောင်၊ စာရေးဆရာ လွတ်လပ်ငြိမ်း တို့ တက်ရောက်ပြီး စာရေးဆရာ ဦးမောင်မောင် (မင်း ဏီလူ)၊ စာရေးဆရာ သန်းစိုးအောင်တို့မှများ စုပေါင်း၍ သုတ၊ရသ စာအုပ်ပေါင်း (၂၀)အုပ်ကို လှူဒါန်းခဲ့ကြ သည်။ 

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရုံး ဦးစီးအရာရှိက စာအုပ်စာစောင်များကို လက်ခံရယူပြီး ပြည်သူ့စာကြည့်တိုက်သို့

 ယခုလို စာအုပ်စာစောင်များ လာရောက်လှူဒါန်းပေးသည့် စာ​​ရေးဆရာများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အောင်ဇော်မင်း