ငါ့သရောက်မြို့တွင် ရပ်ကွက်များရှိအသက်(၁၈)နှစ်အထက် ပြည်သူများ ကိုဗစ်-၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိ သူများအား စစ်ဆေးပြီး ထိုးနှံပေးလျက်ရှိ

ငါ့သရောက်    မတ်   ၁၄

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအား ငါ့သရောက်မြို့ ရပ်ကွက်များသို့သွားရောက်ကာ တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးပြီး အသက်(၁၈)နှစ်အထက် ဆေးထိုး ရန်ကျန်ရှိသူများကို  ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ မတ်လ (၁၄)ရက်နေ့ နံနက် (၈)နာရီအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ငါ့သရောက်မြို့ အထွေ ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ဦးဆောင်၍ ငါ့သရောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ငါ့သရောက်မြို့ရှိ ရပ်ကွက် များသို့ သွားရောက်ကာ အသက် (၁၈) နှစ်အထက်ပြည်သူများကို ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် ပြီး၊မပြီး စစ်ဆေးကာ ထိုးနှံရန် ကျန်ရှိသူများ အား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆေးထိုးစုရပ် ဖွင့်လှစ်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဖြိုးဝေ(ပြန်/ဆက်)