ကော့သောင်းမြို့တွင် အများပြည်သူစားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများအားဖျက်ဆီး

ကော့သောင်း  မတ်  ၁၄

ကော့သောင်းမြို့တွင် တဖက်နိုင်ငံမှတင်သွင်းလာသည့် အများပြည်သူစားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများအားကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဌာန ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အကောက်အခွန်ဦးစီး ဌာနမှူး ရုံး၊ ကွင်းပြင်အတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖျက်ဆီးသည့် နိုင်ငံခြားဖြစ်ကုန်ပစ္စည်းများမှာ ကော့သောင်းမြို့နယ်၊ အကောက်အခွန် ဦးစီးဌာနမှူးရုံး၏ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂ (၀၀၁)ဖြင့် အမှုတွဲဖွင့်လှစ်၍ သိမ်းဆည်းထားသည့် Chan Beer 330ml (1ctn x 24Pcs) (1006Pkgs)၊ အမှုတွဲအမှတ်၁၁-ကသ/၂၀၂၂(၀၀၂) ဖြင့်Capital CigaretteI(1Box50Ctns) (22Pkgs)၊ အမှုတွဲအမှတ်၁၁-ကသ/၂၀၂၂(၀၀၃)(က) ဖြင့် Big Colarအချိုရည်(1ctn x 12Pcs) (189Pkgs) ၊ အမှုတွဲအမှတ်၁၁-ကသ/၂၀၂၂(၀၀၅) (က)ဖြင့်Horn Boyအချိုရည်(1ctn x 12Pcs) (2Pkgs) နှင့်Yupi မုန့်မျိုးစုံ (1ctn x 12Pcs) (5Pkgs)တို့ ဖြစ်ပြီး ဘီယာ၊အချိုရည်နှင့်မုန့်မျိုးစုံစုစုပေါင်း(1224)ပါကင်၊ စုစုပေါင်းတန်ဖိုး (၁၈၄၁၂၃၀၀) ကျပ် ဖိုးခန့်ဖြစ်ကြောင်းသိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများအား သတိပြုထိန်းချုပ် လျက်ရှိရာ တားမြစ်ကန့်သတ်ကုန်ပစ္စည်းများအား ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်သည့် ကော့သောင်းနယ်စပ်မှ တရားမဝင်တင်သွင်းလာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကျော်စိုး(ကော့သောင်း)