မြစ်သားမြို့တွင် တိုင်းရင်းဆေးအကြောင်းအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မြစ်သား    မတ်     ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကိုယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre  ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက တိုင်းရင်း ဆေးဆိုင်ရာ များနှင့်ပတ်သက်၍ ကျန်းမာရေးအားပေးသော အစာများထဲက   အစိမ်းရောင်ရှိတဲ့ ဟင်းရွက်များ ဖြစ်သည့် ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်၊ ဘူးညွန့်၊ ဒန့်ဒလွန်၊ မုန့်ညင်း၊ မုန်လာရွက်၊ မြင်းခွာရွက်၊ မယ်ဇလီရွက်၊ ဟင်းနုနယ်အရွက်စသည်တို့ရှိသည့်အနက် ဟင်းနုနွယ် ရွက်၏ အသုံးဝင်ပုံအကြောင်း၊ ဟင်းနုနွယ်ရွက်သည် အလွန်စားထိုက်တဲ့ အရွက်တစ်မျိုးဖြစ်ကြောင်း၊ အထက်ကအရွက်တွေလို အေ၊စီ၊ ထုံးဓာတ်အပြင်သံဓာတ်စတဲ့ သတ္တုဓာတ်တွေနဲ့ဘီတာကယ်ရော်တင်းလိုပဲ အာနုဘော်ရှိတဲ့ လူတိန်းပါဝင်ကာ အရေးကြီးတဲ့ အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာဖြစ်တဲ့ မျက်စိကွယ်ခြင်းတစ်မျိုးကို အကာအကွယ်ပေးတယ်လို့လည်းဆိုကြောင်း၊ အထက်က ဟင်းရွက် တွေနည်းတူ အာဟာရစွမ်းအင်နဲ့ အထူးပြည့်စုံတဲ့ အသီးအရွက်တွေ အများကြီးရှိကြောင်း၊ မြန်မာ ပြည်ရဲ့ရာသီဥတုက သစ်သီး သစ်ပင် တကယ်အောင်တဲ့ရာသီဥတုဆိုတော့မြန်မာမှာ ဟင်းသီး  ဟင်းရွက်ကမရှားကြောင်း၊ မြန်မာတွေကလည်း ဟင်းသီးသင်းရွက်ဆို မြင်မြင် သမျှအကုန် လိုလိုစားသုံးကြောင်း၊ ဟင်းသီးဟင်းရွက်များများစားပေးတာဟာ ကောင်းမွန်ကြောင်းနှင့်ဟင်း နုနွယ်၏ အသုံးဝင်ပုံအကြောင်း များကို  အကျယ်တဝင့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြမြမွန်(မြစ်သား)