မေတ္တာ မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ရုပ်ပုံ ပြပုံပြင်ပြောပြခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (အငယ်တန်းစာရေး) ဒေါ်နော် စစ္စတာက Sunday-Schoolကလေးငယ်များ အား ခေါင်တူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားတဲ့ တိရစ္ဆာန်ကလေးများ၏ သဘာဝဆိုတဲ့ပုံပြင်ကို ရုပ်ပုံပြပြီးပုံပြင်ပြောပြခြင်း များပြုလုပ်ခဲ့သည်။
ထို့နောက်Sunday-School ကလေးငယ်များအား စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် အနုပညာနှင့် ပတ်သက်၍ သိမြင်ခံစားပြီး ကိုယ်တိုင် ပုံဖော် တတ်စေရန်ရည်ရွယ်၍ ဆေးရောင် ခြယ်ပြိုင်ပွဲကို ကျင်းပပေးကာSunday-Schoo ကလေးငယ် (၁၈)ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေးအေးချို(မေတ္တာ)