လယ်ဝေး မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့မွန်းလွဲ ၁ နာရီက လူငယ်နှင့်ယဉ်ကျေးမှု အကြောင်း သိကောင်းစရာTalk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာပေဗိမာန်စာမူဆုရ စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)တို့က ယဉ်ကျေးမှု၏အဓိပ္ပါယ်နှင့်ယဉ်ကျေးမှု အမျိုးအစားများ၊ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုများ အကြောင်း၊ ယဉ်ကျေးမှုကို ဘယ်လိုလိုက်နာ ထိန်းသိမ်းသင့်သလဲ၊ မြန်မာ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်း စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကို ရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျှက်ရှိရာ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်း စရာ Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)