ရေဖြူ မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး ၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၁၀၀) ရာခိုင်နှုန်းထိုးနှံရေးနှင့် လူဦးရေ စာရင်းကောက်ယူရေးအတွက် ဌာနဆိုင်ရာများက ယနေ့နံနက် ၇ နာရီမှ စတင်၍မိမိတာ၀န်ကျရာဒေသများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ လူဦးရေစာရင်း၊ အိမ်ခြေ၊ အိမ်ထောင်စု၊ အသက်(၁၈)နှစ်အောက် ကျား/မ စာရင်း၊ အသက်(၁၈)နှစ်အထက် ကျား/မ စာရင်းစသည့် မြေပြင်ရှိ လူဦးရေစာရင်းကောက်ယူပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုရှိ/မရှိစာရင်းကောက်ယူခဲ့ကြောင်းသိရ သည်။
ယနေ့တွင် အဖွဲ့(၄)အုပ်စုဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ ဒုတိယဦးစီးမှူးဦးသိန်းစိုး၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်ဖြူသီထွဏ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်၊ မြို့နယ်ဥပဒေအရာရှိ ဦးကိုကိုဇင်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးသန်းဇော်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဦးစိုးနိုင်တို့က ပုဂေါဇွန်း၊ ရလိုင်၊ သစ်တိုထောင့်၊ ပိန်းရှောင်ကျေးရွာ အုပ်စုများသို့ကွင်းဆင်းကာ စာရင်းကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)