ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်းကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး

ထားဝယ်    မတ်    ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်းကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက်၁/၀မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံး (ထားဝယ်)ထံမှသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၁၃၆ ဒသမ ၀၀၈ သန်းဖြင့် May Tech Tonic ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်းကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ထားဝယ်) ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်ထံမှ သိရှိရသည်။

ရွှေပင်လယ်(ထားဝယ်)