သိန္နီ မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ကျေးရွာများအရောက် ယနေ့ နံနက်(၈)နာရီ အချိန်က သွားရောက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် နမ့်စလပ်ကျေးရွာ၊ ကုန်းညောင်ကျေးရွာ၊ စယ်အူ ကျေးရွာနှင့် ဥယျာဉ်မှူးကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးပေးခြင်း ဖြစ်သည်။ သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီး ကာကွယ်ဆေး ထိုးရန်ဦးရေ (၄၂၇၄၆) ဦးရှိရာ ဆေးထိုးပြီးသူဦးရေ (၂၀၀၀၀) ကျော်ရှိပြီး ဆေးထိုးရန်ဦးရေ (၁၈၀၀၀) ကျော် ကျန်ရှိနေသည့်အတွက် အဆိုပါ ဆေးထိုးရန် ကျန်ရှိနေသူ များအား ရာနှုန်းပြည့် ဆေးထိုးနှံရေး ကျေးရွာများအရောက် သွားရောက်ထိုးနှံပေးခြင်းဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ဦးရေ (၂၀၀) ဦး ထိုးန ပေးလျက်ရှိကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)