တနင်္သာရီ မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မိဘပြည်သူများ၏ဘဝ၊ အိုးအိမ်၊ စည်းစိမ်များအားလုံး မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မိဘပြည်ကလည်း မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ် ငန်းစဥများကို သတိရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ "သင့်ကြောင့်မီး မလောင်ပါစေနှင့်" မီးဘေးအန္တရာယ်ကင်းဝေး စေရေး သတိပေးမြေစိုက်ပိုစတာများကို ယမန်နေ့က လူစည်ကားရာလူ အသွား အလာများရာနေရာများတွင် စိုက်ထူပေးကြသည်။
၎င်းသတိပေးမြေစိုက်ပိုစတာများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူအသွား အလာများသည့် တနင်္သာရီတံ တားထိပ်နေရာ၊ မြို့အဝင် မုခ်ဦးနံဘေးနေရာနှင့် အထက-တနင်္သာရီအုတ်တံတိုင်းနေရာ၊ မြို့အဝင် ကမ်းနားလမ်းဆုံ နေရာ၊ ဗိုလ်ချုပ်မြင်းစီးရုပ် တုပန်းခြံနေရာတို့တွင်လည်းကောင်း၊ အလားတူ မောတောင် နယ်မြေမီးသတ်စခန်း နှင့်တကူကျေးရွာနယ်မြေမီးသတ်စခန်း၊ ညောင်ပင်ကွင်းကျေးရွာ အုပ်စုနယ်မြေမီးသတ်စခန်းတို့အတွင်း လူစည်ကားရာနေရာများ တွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းစိုက်ထူးပေးကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)