၂၀၂၂ခုနှစ် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချမ်းအေးသာစံ   မတ်   ၁၅

၂၀၂၂ခုနှစ် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ၁၃၈၃ ခုနှစ် တန်ခူးလဆန်း(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ဆိုသည့် အတိုင်း ယဉ်ကျေးမှုနှင့်အညီ ကျင်းပရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  သင်္ကြန်ပွဲတော်ကျင်းပရေးအတွက် ဗဟိုကော် မတီ၊ လုပ်ငန်း ကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးပြီးဖြစ်၍ လုပ်ငန်းကော်မတီများ အလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး အကြံပြုချက်များဆွေးနွေးကြစေလိုကြောင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော်များ ဆွမ်းလောင်းလှူနိုင်ရေး၊ ဘုရား ကျောင်းကန်များတွင် အများ ပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် ဥပုသ်သီလဆောက်တည်နိုင်ရေး၊ ကျုံးဘေး တစ်လျှောက် ဇီဝိတဒါန ငါးလွှတ်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ   တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သူရိန်ထွန်း တို့က သင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်းအစီအမံများကို လည်းကောင်း၊ လုပ်ငန်းကော်မတီမှတာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတိုင်းဦးစီးချုပ်၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများ မှ တာဝန်ရှိသများ တက်ရောက်ကြသည်။

 ထိပ်ထားနိုင်