အောင်မြေသာစံ မတ် ၁၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မန္တလေး၊အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ရာ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြား ရေးမှူး ဦးသန်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်စပယ်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအကျိုး တော်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်စပယ်က ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး၊ လူငယ်သင်တန်းကျောင်း(မန္တလေး) ကျောင်းအုပ်ကြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ကလေးသူငယ်တွေရဲ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ များကိုလည်းကောင်း၊ လူကြီးများမှ ကလေးများ၏ ခံစားချက်များကို နားလည်ပေးသင့်သည့် အကြောင်းများကိုလည်းကောင်း၊ ကလေးသူငယ်အလုပ်သမား ပပျောက်ရေးနှင့်ပတ်သက် သည့် အကြောင်းများကိုလည်း ကောင်း၊ လမ်းဘေးမီးပွိုင့်များတွင် တောင်းရမ်းစားသောက်နေ ကြသည့် ကလေးများအကြောင်းကိုလည်းကောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးအကြောင်းများကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ် ဦးစီးအရာရှိ ဒေါ်စပယ်က ကျောင်းသား/သူများကို အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြားကြောင်း သိရသည်။
မြင့်မော်ထွန်း-အောင်စံ(ပြန်/ဆက်)