ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၀၃၅၉၆ ဦးထိုးနှံပေးပြီးဖြစ်

ညောင်ဦး  မတ်  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၂၀၃၅၉၆ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရ သည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယ အကြိမ် ၈၃၇၉၅ဦး၊ Sinovac ပထမအကြိမ် ၃၈၅၆ဦး၊ Sinovac ဒုတိယအကြိမ် ၃၆၁၁ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၄၉၅၀)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၆၂၉ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest) ပထမအကြိမ် ၁၆၈၉ဦး၊  Sputnik Light (Booster)၁၃၁၁ဦး၊Booter Covaxin ၂၂၀ဦး၊ Phase-8 Covisheld ပထမအကြိမ် ၄၇၈၅ဦး၊ Phase 8 Sinopharm (၃၂၀)ဦး၊Phae-8 Covaxin ပထမအကြိမ် (၂၀၀)ဦးထိုးပေးနိုင်ပြီဖြစ်ကာညောင်ဦးမြို့နယ်အနေဖြင့်ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု၂၀၃၅၉၆ဦးထိုးပေးနိုင်ပြီဖြစ်ကာ၊ဝေးလံသည့်ဒေသများနှင့်လာရောက်ဆေးထိုးရန်မလွယ်ကူသည့် နေရာဒေသများသို့လည်းနယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့ များဖြင့်သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကိုထိန်၊KPD