ဆွမ်ပရာဘွမ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဆွမ်ပရာဘွမ် မတ် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆွမ်ပရာဘွမ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆွမ်ပရာဘွမ်မြို့နယ် ဒုတိယဦးစီးမှူး ဒေါ်ဂျေအားနာက Talk Show အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆွမ်ပရာဘွမ်မြို့ မီးသတ်ဦးစီးဌာနမှ ဦးနေထက်လင်းက နေအိမ်တိုင်း၌ မီးချိတ်၊ မီးသတ်ဆေးဗူးများ၊ သဲအိတ် ရေပုံးများ အဆင်သင့် ဆောင်ထားသင့်ကြောင်း၊ ထင်းမီးများ သုံးစွဲပြီးသည့်အခါတိုင်း စနစ်တကျ သုံးစွဲငြိမ်းသတ်ထားရန်လိုကြောင်း၊ လျှပ်စစ်မီးများဖြင့် သုံးစွဲရာတွင်လည်း ပေါက်ပြဲနေသော ဝါယာကြိုးများ၊ မီးပလပ်ခုံများမှတဆင့် ရှော့ဖြစ်ပြီး မီးလောင်မှု မဖြစ်ပွားစေရန် ဝါယာကြိုးများကို အသစ်လှဲလှယ် တပ်ဆင်ထားသင့်ကြောင်းနှင့် မီးသတ်ဦးစီးဌာန၏ အကြံပြုချက်များကို လက်ခံဆောင်ရွက် လိုက်နာသင့်ကြောင်း စသည့် အကြောင်းအရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ