ညောင်ဦး မတ် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ညောင်ဦးမြို့ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး၊ နံရံကပ်စာစောင်၊ စာအုပ်ျပြပွဲနှင့် ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျောင်းသားကျောင်းသူ များ နွေရာသီကျောင်းပိတ်ရက်များတွင် ပြင်ပဗဟု သုတရှာမှီးရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့ စာကြည့်တိုက် တွင်စာငှားကတ်များပြုလုပ်ပြီး စာအုပ်၊ စာပေငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ စာဖတ်သော လူမျိုးတိုင်းတိုးတက်၍ တိုးတက်သောနိုင်ငံတိုင်း စာပေဖတ်ရှုကြကြောင်း အသိပညာပေး ဟောပြောသည်။ ပြီးနောက်ကျောင်းသား ကျောင်းသူများမှ ပြသထားသည့် စာအုပ်၊ စာပေများ ဖတ်ရှုခြင်း၊ နံရံကပ်စာစောင်တွင် ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး ကလေး အလုပ် သမားအဓိပ္ပာယ်၊ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ဆိုင်(သို့)ကုန်သွယ်အလုပ်ဌာန(သို့) အများပျော်ရွှင်ရေး အလုပ်ဌာန အသက်(၁၄)နှစ်မ ပြည့်သေးသူကိုအလုပ် လုပ်ခွင့်မပြုရ ၊ကလေးဆိုတာနိုင်ငံတော်ရဲ့ အနာဂတ်စသည့် ခေါင်းစဉ်ခွဲ စာသားများနှင့်ရုပ်ပုံများကို စိတ်ဝင် တစားကြည့်ရှုကြသည်။ဆက်လက်ပြီး ကလေးအလုပ်သမားပပျောက်ရေး ဥပဒေအကြောင်း အရာများကို ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်တင်တင်စိန် (လက်ထောက် ညွှန်ကြားရေးမှူး)မှ အသိပညာ ပေးဟော ပြောခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့် အပြန် အလှန်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD