ပျော်ဘွယ် မတ် ၁၅
ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ရုံးမှ တာ၀န်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို မြို့နယ်ရုံး ဝန်ထမ်းများက လူစည်ကားသည့်နေရာများတွင် ယနေ့ နံနက်ပိုင်းက အခမဲ့ ဖြန့် ဝေခဲ့ကြသည်။
"ကျွန်မတို့အနေနဲ့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းဖြစ်တဲ့ ဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်ခြင်း၊ အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွေ ပြုလုပ်ခဲ့ပြီး ယနေ့မှာတော့ လက်ကမ်းစာစောင်တွေကို လူစည်ကားတဲ့နေရာတွေ မှာ ဖြန်ဝေသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက် ရေးရည်မှန်းချက် (၃)ရပ်၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန်သတ်မှတ်ချက်၊ ကလေးများလုပ်သော အလုပ်နှင့်ကလေးသူငယ်အခွင့်အရေး၊အလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး၊ အသက်(၁၄)နှစ်အောက် ကလေးငယ်များအား မည်သည့်အလုပ်မျိုးကိုမဆို လုပ်ကိုင်ခွင့်မပြုရန် ဥပဒေအရသတ်မှတ်ထားမှု၊ ရမည်းသင်းခရိုင်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် အသိပညာ ပေး လုပ်ငန်းဆောက်ရွက်ခဲ့မှုအခြေအနေ စသည့်အကြောင်းရာများ စုံလင်စွာပါရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)