အိမ်မဲ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားစေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ တီထွင်ဖန်တီးတက်စေရန် ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပေးခဲ့ပြီး ရွှေငါးလေးရဲ့နောင်တ ခေါင်းစဉ်ပါပုံပြင်ကို အသံနေအသံထား မှန်ကန်စွာဖြင့် ဖတ်ရှုမှုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့မ(၂) ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဖွဲ့လိုက် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွင်စွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်