ဘိုကလေး မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၁)နာရီအချိန်၌ ပြည်သူများ လျှပ်စစ်ဓာတ်အားနှင့် ပက်သတ်သည့် အသိပညာများ ရရှိစေရေးအတွက် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ဆောင်ရွက်ရာတွင် အဆိုပါပူးပေါင်းအဖွဲ့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ မြေစိုက်နံရံကပ်ဘုတ်တွင် ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ၊ လျှပ်စစ်၏အန္တရာယ်၊ လျှပ်စစ်မီး သုံးစွဲရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပြည့်စုံစွာ ထည့်သွင်းပြသခဲ့ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းဆုံ၊ လမ်းခွများ၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအား အဓိက အသိပညာပေး ဖော်ပြထားသည့် လက်ကမ်းစာစောင်များအား အခမဲ့ ဝေငှခဲ့ကြကြောင်း သိရသည်။
မိုးစက်