ဇေယျာသီရိ မတ် ၁၅
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့် မီဒီယာ အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ပြည်သူ့စာကြည့် တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ယနေ့ခေတ် အွန်လိုင်းမီဒီယာများအကြောင်း၊ လူငယ်များအွန်လိုင်းမီဒီယာသုံးစွဲခြင်း၏ အားသာချက်၊ လူငယ်များ အွန်လိုင်းမီဒီယာကို အသုံးပြုခြင်း ကြောင့် ရရှိနိုင်မည့်ဆိုးကျိုး၊ အွန်လိုင်းမီဒီယာ အသုံးပြုသည့်လူငယ်များ သတိထားသင့်တဲ့ အချက်များ၊ အွန်လိုင်းမီဒီယာတွင် လူတိုင်းက သတင်းသမားဖြစ်တာကြောင့် အမှန်ကိုမတင်ပြဘဲ လိုရာဆွဲပြီး ဘက်လိုက်ရေးသူများအား သတိထားသင့်သည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် ဆွေးနွေးပွဲ အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)