ညောင်တုန်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နာယက ဦးစိုးကြည်က စာရေးဆရာ အောင်သင်း၏ "အားနေသောလက်များ" စာအုပ်ပါ ရွှေတောင်ကျောင်းတိုက်သမိုင်း၊ လူငယ်တွေ မအအောင်လို့ စသည့် ခေါင်းစဉ်များဖြင့် လည်းကောင်း မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးမြင့်ဟန်က အားနေသောလက်များ၊ မှတ်ဉာဏ်အရွယ်မလွန်မီ စသည့် ခေါင်းစဉ်များဖြင့် လည်းကောင်း တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကို ကျင်းပရာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး