မိတ္ထီလာတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ

မိတ္ထီလာ  မတ်  ၁

မိတ္ထီလာတွင်ခရိုင်နှင့်မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှကြီးမှူးဖွင့်လှစ်သော ကြက်ခြေ နီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအား ယမန်နေ့နံနက် ၉ နာရီအချိန်က အလက(ခွဲ) ရန်မျိုးအောင်တွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲတွင် ခရိုင်ကြက်ခြေနီ   ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဦးကျော်တင့်က အမှာစကား ပြောကြားပြီး ခရိုင်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးနေဦးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  ၎င်းနောက်  သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သော သင်တန်းသားသင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသားသင်တန်း သူများအား သင်တန်းဆင်း အောင်လက် မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍  ကျောင်းသူကျောင်းသားများအား ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း အတွက်  အလက(ခွဲ) ရန်မျိုးအောင် ကျောင်းအုပ်ဆရာမ ဒေါ်ယဉ်မာကိုလေးက ပြောကြားသည်။ အဆိုပါ ကြက်ခြေ နီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဆင်းပွဲမှာ အလက(ခွဲ) စက်ကြီးဆည်မြောင်းတွင် မတ်လ ၃ ရက်နေ့မှ ၅ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသားသင်တန်းသူ ၃၅ ဦးတက်ရောက်ခဲ့သော သင်တန်းအမှတ်စဉ် (၂/၂ဝ၂၂)နှင့် အလက(ခွဲ) ရန်မျိုးအောင်တွင် မတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့ မှအထိဖွင့်လှစ်ခဲ့ပြီး သင်တန်း သားသင်တန်းသူ စုစုပေါင်း ၁၁ဝ ဦး တက်ရောက်ခဲ့သော သင်တန်းအမှတ်စဉ် ( ၃/၄/၅/၂ဝ၂၂ ) တို့အား စုပေါင်းသင်တန်းဆင်းပွဲကျင်းပခြင်းဖြစ်သည်။ နွေရာသီကာလတွင် မိတ္ထီလာမြို့ နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများတွင် အသက် ၁၆ နှစ်ပြည့်ပြီး လူမှုကူညီရေးပရဟိတလုပ်ငန်း လုပ်ကိုင်လိုသည့် လူငယ်များအား ကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။

ချမ်းသာ