ရမည်းသင်း မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အကျိုး ကျေးဇူး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်း ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်း များလာရောက်ဖတ်ရှုရန်ပြောကြားခဲ့သည်။
ထို့နောက်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအလယ်တန်းပြဆရာမနှင့် ဆဌမတန်းကျောင်းသူတစ်ဦးတို့မှ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၅)ထုတ်ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၄ )မှ စန္ဒာရေးသားသည့်၊ "စာဖတ်ဝါသနာ ပြုစုပျိုးထောင်ပါ" ဆောင်းပါးကိုဖတ်ရှုရာ ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)