ကျောက်တလုံးကြီးစာစစ်ဌာန ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား / ကျောင်းသူ (၁၇၁) ဦး ဝင်ရောက်ဖြေဆိုမည်

ကျောက်တလုံးကြီး မတ် ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊    တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့တွင် ၂၀၂၂ခုနှစ် မတ်လ (၃၁) ရက်နေ့ မှ ဧပြီလ (၉) ရက် နေ့အထိ ကျင်းပမည့်   ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က ကျောက်တလုံးကြီးစာစစ်ဌာနမှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၇၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က ကျောက်တလုံးကြီးစာစစ်ဌာနမှ ကျောင်းတွင်း ဖြေဆိုသူ (၁၅၃)ဦး၊ ပြင်ပဖြေဆိုသူ (၁၈) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၇၁) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်များ နှင့်အညီ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင်မြန်မာဘာသာ၊ ဧပြီလ(၁) ရက်နေ့တွင် အင်္ဂလိပ် ဘာသာ၊ ဧပြီလ (၂) ရက်နေ့တွင် သင်္ချာ၊ ဧပြီလ(၄)ရက်နေ့တွင် ဓာတုဗေဒ၊ ဧပြီလ (၅) ရက်နေ့တွင်ရူပဗေဒ၊ ဧပြီလ (၆) ရက်နေ့ တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊  ဧပြီလ (၇) ရက်နေ့တွင် ပထဝီ၊    ဧပြီလ (၈) ရက်နေ့တွင် သမိုင်းနှင့် ဧပြီလ (၉) ရက်နေ့တွင် စိတ်ကြိုက် မြန်မာဘာသာ အသီးသီးဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)