နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နွားထိုးကြီး   မတ်   ၁၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော Covid shleld အမျိုး အစားဖြစ်ပြီး အသက်(၁၈)နှစ်အထက်ပြည်သူများကို ဆေး တစ်လုံးလျှင် လူ (၁၁)ဦး 11 Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ် အထက်ပြည်သူ(၁၅၅၇၇၀)ဦးလျာထားပြီး (၅၀၇)ဦး ထိုးနှံပြီး စုစုပေါင်း (၇၉၈၁၄) ဦး ဆေးထိုးပြီး၊ကျန်ရှိသူ (၇၅၉၅၆)ဦး ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှ သိရ သည်။ ကိုဗစ်- ၁၉ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာ ရေး ဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစား ပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်