နွားထိုးကြီး မတ် ၁၅
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသည့် အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင် ဦးစိန်လှိုင်မှ အသိနှင့်ပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဇင်မြင့်မှသွားလျှင် တစ်တိုင် နားလျှင်တစ်ထိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ကြည်ကြည်စန်းမှ ပူးပေါင်းဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး မိမိတို့ ဖတ်ရှုခဲ့သည့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အသိနှင့်ပညာ စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သား ထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦး ချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်