၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ( Mini Budget) ဒုတိယ (၃) လပတ်တွင် လုပ်ငန်း (၂) ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မိုင်းရှူး မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်စည်ပင်သာယာရေး ဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget)၊ ဒုတိယ (၃) လပတ်တွင် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် စိတ္တသုခ ဘုန်းကြီးကျောင်းလမ်း ကျောက်ချောခင်း ခြင်းနှင့် ပတ္တမြား ကွက်သစ်လမ်းသွယ် Box Culvert ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီး ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၉၄.၁၁) သိန်းဖြင့် ပတ္တမြားကွက်သစ်၊ စိတ္တသုခ ဘုန်းကြီးကျောင်းလမ်း ကျောက်ချောခင်းခြင်း (လမ်းအရှည် ၅၁၆ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မ) ကို ၁.၃.၂၀၂၂ ရက် နေ့တွင်လည်းကောင်း၊ ပြည်နယ် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေ (၂၅.၃) သိန်းဖြင့် ပတ္တမြားကွက်သစ်လမ်းသွယ် Box Culvert (အရှည် ၂၄ ပေ၊ အကျယ်၂ ပေ၊ အမြင့် ၂ ပေ) ပြုလုပ်ခြင်းကို ၃.၃.၂၀၂၂ ရက်နေ့တွင်လည်းကောင်း စတင်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံးဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဉာဏ်ထွန်းထံမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget) ပထမ (၃) လပတ်တွင် ပြည်နယ် ဘဏ္ဍာခွင့်ပြု ရန်ပုံငွေဖြင့် ရပ်ကွက် (၄) ခန်းမလမ်း ကွန်ကရစ်ခင်းခြင်းကို (၉.၈) သန်း၊ ဗန္ဓုလမ်းနှင့် စဝ်ရွှေသိုက်လမ်းတို့တွင် Pipe Culvert ပြုလုပ်ခြင်းကို (၁.၀)သန်း၊ မင်းကြီးဦး စလမ်း Slab Curvert တိုးချဲ့ခြင်းကို (၁.၅)သန်း၊ စဝ်ရွှေသိုက်လမ်း (ဆေးရုံလမ်း) တွင် ရေနှုတ်မြောင်းတူးဖော်ခြင်းကို (၀.၁၉၉) သန်းတို့ဖြင့် လုပ်ငန်း (၄) ခုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)